Tuesday, July 30, 2013

လတိုင်းလတိုင်း၁၄ရက်နေ့ရဲ့ထူးခြားချက်များ


 


လတိုင်းလတိုင်းရဲ့၁၄ရက်နေ့မှာရှိတဲ့ထူးခြားချက်လေးတွေပါ။မသိသေးသောသူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်။
လတိုင်းရဲ့၁၄ရက်နေ့လေးတွေမှာကိုယ့်ချစ်သူကိုဘယ်လိုလက်ဆောင်ပေးရမလဲဆိုတာသိရအောင်လို့ပါ။
ချစ်သူကိုလက်ဆောင်လေးတွေပေးရင်းပျော်ရွင်နိုင်ကြစေဖို့ရည်ရွယ်လိုက်ပါတယ်။

1. January 14th "Diary Day"

နှစ်သစ်တစ်ခုရဲ့အစပိုင်းလဖြစ်တဲ့အတွက်အထိမ်းအမှတ်အနေနဲ့အပြန်အလှန်ချစ်စာလေးတွေရေးဖို
့ဒိုင်ယာရီလက်ဆောင်ပေးသင့်ပါတယ်။

2. February 14th "Valentine Day"

ကိုယ်ချစ်တဲ့သူကိုချောကလက်လေးတွေနဲ့နှင်းဆီပန်းလှလှလေးတွေပေးပို့လေ့ရှိပါတယ်။ချစ်သူများအတွက်

ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။"ချစ်သူများနေ့"လို့တင်စားခေါ်ဝေါ်တဲ့နေ့လေးတစ်နေ့ပေါ့။

3. March 14th "White Day"

ယောကျာ်းတွေကသူတို့ချစ်ရတဲ့ချစ်သူကိုသကြားလုံးသို့မဟုတ်နှစ်သက်ရာလက်ဆောင်လေးတွေပေးကြတာပါ။

4. April 14th " Black Day"

အနက်ရောင်နေ့လို့ခေါ်ပြီးချစ်သူမရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက်နေ့လေးတစ်နေ့ပါ။
စုံတွဲမရှိသူအချင်းချင်းအတူတူသွားပြီးတစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကျပါတယ်။ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။
ကျနော်တို့လို ချစ်သူမရှိတဲ့သူတွေနေ့ပေါ့ (ငဖြိုးနေ့ပေါ့) ဟိဟိကြော်ငြာတာ...။


5. May 14th "Rose Day"

နှင်းဆီများနေ့မှာတော့ချစ်သူကိုနှင်းဆီပန်းလက်ဆောင်ပေးလေ့ရှိပါတယ်။ယောကျာင်္းတွေက
ချစ်ရသူမိန်းခလေးကိုနှင်းဆီပန်းတွေပေးပြီးသူ့အချစ်ကိုဖေါ်ပြတဲ့နေ့တစ်နေ့ပါ။


6. June 14th "Kiss Day"

အနမ်းများနေ့ကတော့သိပ်မကောင်းပါဘူး။သူတို့ယဉ်ကျေးမှုမှာတော့ကိုယ်နဲ့တွေ့တဲ့၊သိတဲ့ ကိုယ့်အသိအားလုံးကိုနမ်းလို့ရပါ တယ်။ချစ်သူက ခွင့်ပြုတယ်ဆိုရင်ပေါ့။


 7. July 14th "Silver Day"

ချစ်သူစုံတွဲတွေ၊သူငယ်ချင်းတွေ၊ဒီနေ့မှာငွေထည်များလက်ဆောင်ပေးလေ့ရှိပါတယ်။



8. August 14th ""Green Day"

အစိမ်းရောင်နေ့မှာတော့ချစ်သူစုံတွဲတွေသဘာဝအလှအပများရှိရာနေရာကို

အလည်အပတ်သွားပြီးသာယာစွာဒီနေ့ရက်ကိုကုန်ဆုံးကြပါတယ်။

 
9. September 14th "Photo Day"

ချစ်သူတွေအချင်းချင်းအဲဒီနေ့မှာဓါတ်ပုံလှလှလေးတွေရိုက်ပြီးအချင်းချင်းအမှတ်တရ
အနေနဲ့အပြန်အလှန်ပေးကြပါတယ်။



10. October 14th "Wine Day"

ဒီနေ့မှာကိုယ့်ရင်ထဲကအချစ်ဆုံးသူနဲ့ဝိုင်အတူတူသောက်ပြီးကြည်ကြည်နုးနူး စကားလေးတွေသီကျူးကြတဲ့နေ့လေးပါ။



11. November 14th "Movie Day"

ဒီနေ့မှာတော့ချစ်သူစုံတွဲတွေအချစ်ဇာတ်လမ်းလှလှလေးတွေအတူတူသွားကြည့်ကြတဲ့နေ့ပါ။



12. December 14th "Hug Day"

နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်သလိုအေးချမ်းလှတဲ့ဒီလိုဒီဇင်ဘာလမှာကိုယ့်ချစ်သူကိုနွေးထွေးမှု
အပြည့်ပေးတဲ့ အနေနဲ့ကြင်ကြင်နာနာပွေ့ဖက်ပြီးချမ်းအေးမှုကိုဖြတ်ကျော်တဲ့နေ့တစ်နေ့ပါ။


ချစ်သူတိုင်းနေ့ရက်တိုင်းဆီမှာရင်ခုန်ခြင်း၊ပျော်ရွှင်ခြင်း၊ကဗျာဆန်ခြင်းများစွာနဲ့ထာဝရအထိချစ်နိုင်ကြပါစေ...။

ကျန်းမာရေး အထောက် အကူပြု ငှက်သိုက်


 

မြန်မာ အဘိဓာန် အကျဉ်းချုပ် အတွဲ(၁)တွင် ငှက်သိုက်ကို ဇီဝဇိုး ငှက်ငယ်၏ အသိုက် အားဆေး အဖြစ် သုံးစွဲရ သည်။ ဇီဝဇိုးသည် အသိုက်ကို မိမိ အန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ၏။ ထိုငှက်၏ အသိုက်ကို ''ငှက်သိုက်''ဟု ခေါ်ကြ သည် ဟူ၍ ဖွင့်ဆို ထားပါသည်။

ငှက်သိုက်ကို လူသူ အရောက်အပေါက် နည်းသော ပင်လယ် ကျွန်းများရှိ သဘာဝ အလျောက် ဖြစ်ပေါ်နေ သည့် ကျောက်တောင် ကြီးများ၏ ကျောက်လိုဏ်ဂူ နံရံများ၊ ကမ်းပါးယံ ကျောက်စွန်း၊ ကျောက်ခွက် များတွင် ခက်ခက် ခဲခဲ ရှာဖွေဆွတ်ခူး စုသိမ်းရသည်။

ငှက်သိုက်ဖြူနှင့် ငှက်သိုက်မည်း နှစ်မျိုးရှိသည်။ ငှက်သိုက်ဖြူသည် ဖြူဖွေး ဝင်းမွတ်နေပြီး အညစ်အကြေး သန့်ရှင်း ခြင်း၊ အမှိုက်သရိုက် ကင်းစင်ခြင်း၊ ခြောက်သွေ့ လတ်ဆတ်ခြင်း၊ အသိုက်ပုံ သဏ္ဌာန် မပျက်ခြင်း၊ အငန်ဓာတ်၊ အစိုဓာတ် လုံးဝ မရှိခြင်း တို့ကြောင့် တန်ဖိုး ကြီးမားသည်။ ငှက်သိုက် မည်းတွင် ငှက်မွေးအမျှင် အနည်းငယ် ရှုပ်ထွေးနေပြီး အရောင်လည်း မည်းနက်သည်။ ငှက်သိုက် အချို့တွင် ပန်းနုရောင် သန်းလျက် ရှိသည်ကိုလည်း တွေ့ရတတ်သည်။ ဇီဝဇိုးငှက်တို့ အသိုက်လုပ်စဉ် အာခေါင် အတွင်းမှ အချွဲစေး၊ အချွဲမျှင်များ ထွေးအန်ရဖန်များ သောအခါ သွေးစ သွေးနများ ပါရှိခြင်းကြောင့်ဟု ဆိုပါသည်။

ငှက်သိုက်၏ အရောင်မှာ အဖြူ ဖြစ်သော်လည်း တစ်နှစ်ခန့် ကြာလျှင် အညိုရောင် သန်းလာသည်။ ငှက်သိုက်မှာ ဖယောင်းချက်နှင့် တူသည်။ လတ်ဆတ်သော ငှက်သိုက် အနံ့မှာ ငှက်ကိုယ်နံ့မျှသာ ညှီစို့စို့ရသည်။ ရက်အနည်း ငယ်အတွင်း ထိုအနံ့ ပျောက်ပြယ် သွားတတ်သည်။ ငှက်သိုက် အစိမ်းစားလျှင် ရေဆာ၊ ထမင်းဆာ ဆာလောင်မှု ဟူသမျှ ပြေသည်။ မောပန်းနွမ်းနယ်မှု ဟူသမျှ ချက်ချင်းပျောက်သည်။ အားအင် ကုန်ခန်းမှု အလျင်အမြန် ပြန်ပြည့် သည်။

ငှက်သိုက်သည် အဖိုးတန် ရှားပါးသော ဆေးဖက်သုံး ပစ္စည်း ဖြစ်သဖြင့် ရွှေနှင့်စက်၍ ဝယ်ယူ ကြသည်ဟု သိရ သည်။ အရသာ ကောင်းမွန်ခြင်း၊ အာဟာရ ပြည့်ဝခြင်း တို့ကြောင့် အင်အားကုန်ခန်း နေသူများနှင့် လူမမာ များအတွက် အားဆေးအဖြစ် အသုံးချရန် အထူး သင့်လျော်သည်။ ဟောင်ကောင်၊ စင်ကာပူ၊ ပီနန် တို့တွင် ငှက်သိုက်ကို ''အား''အလို့ငှာ ဟင်းချက်စားသည်။

ငှက်သိုက်တွင် ပရိုတင်းဓာတ် ကြွယ်ဝပြီး ဟော်မုန်းနှင့် အခြား အာဟာရဓာတ် များစွာ ပါဝင်သဖြင့် နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အား ကုန်ခန်း သူများကို ကျွေးလေ့ရှိသည်။ နှလုံးတုန်၊ ရင်တုန် အနာ၊ လေသလိပ် အနာ၊ ရင်တွင်း ဆာလောင် မွတ်သိပ်အနာကို ပျောက်ကင်း ချမ်းသာစေ၍ အိုမင်းမစွမ်း ခွန်အား ယုတ်လျော့ သူတို့အတွက် သင့်လျော်သည်။ အထူးသဖြင့် နှလုံး၊ ဦးနှောက်၊ သည်းခြေရောဂါ ရှိသူများ မှီဝဲသင့် သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် ကလေးသူငယ်များ စားလျှင် ကျန်းမာရွှင်လန်းပြီး ရောဂါ အထူးထူးမှ ကင်းဝေး သည်။

သဘာဝ ငှက်သိုက်ကို ခေတ်မီ နည်းစနစ်ဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြားပစ္စည်း များနှင့် ပေါင်းစပ် ဖော်ထားသဖြင့် အဆုတ်ကို အားကောင်းစေပြီး အအေးမိ ချောင်းဆိုး၊ တုပ်ကွေး ရောဂါများကို သက်သာ ပျောက်ကင်းစေသည်။

ငှက်သိုက်ကို ရေစိမ်၍ နှစ်နာရီခန့် ကြာလျှင် အမျှင်များ ပွတက်လာသည့် အခါ အမွေးအမှင် ငယ်ကလေးများနှင့် အမှိုက်များ ကပ်နေပါက ဇာဂနာ ညှပ်ဖြင့် ဖယ်ရှားရသည်။ သကြားခဲသင့် ရုံထည့်ပြီး ရေနွေးနွေးဖြင့် ပေါင်းထားသော ငှက်သိုက်ပေါင်းကို စားလျှင် ရင်တွင်းအေးကာ အင်အား အလုံးစုံ ချက်ချင်း ပြန်ပြည့်လာသည်။ ငှက်သိုက်ပေါင်း သည် နှလုံးရောဂါ ရှိသူများ၊ နှလုံးတုန် ရင်ခုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူ မဝခြင်းတို့ကို လက်နှင့် ယူပစ်သ လို ပျောက်ကင်းစေပါသည်။

ဆီးနီ၊ ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်လျှင် ငှက်သိုက်ကို ရေစိမ်၍ သောက်ရသည်။ နွားနို့စစ်စစ် ၅ဝ ကျပ်သားတွင် ဇာတိပ္ဖိုလ်သီး တစ်လုံးကို ကုန်အောင်သွေးပြီး မီးတွင်ကျို၊ နွားနို့ခန်း ခြောက်ခါနီးလျှင် လေးညှင်းမှုန့် တစ်ပဲသား၊ သည်းခြေ ရွှေဆေးရှစ်ပဲသား၊ ဂလူးကို့စ် သကြား ရှစ်ပဲသားနှင့် ငှက်သိုက်အမှုန့် တစ်ကျပ်သား သမအောင် ရောမွှေပါ။ ထိုဆေးကို လက်ဖက်ရည် တစ်ဇွန်းခန့် နံနက်ည တစ်ကြိမ်စီ ကျွေးလျှင် ကလေးငယ်များ ပိန်လှီခြင်း၊ မကြာခဏ ဝမ်းပျက်ခြင်း၊ အားနည်း အဖျားဝင်ခြင်းတို့ ပျောက်ကင်းပြီး ကျန်းမာဝဖြိုး စေနိုင်ပါသည်။

ငှက်သိုက်ကို သံဒယ်အိုးဖြင့် မီးသင်းပြီး အမှုန့်ပြု၍ ပုလင်းတွင် လေလုံလုံ ထားပါ။ ငှက်သိုက်မှုန့်သည် ဓားရှ၊ လှံရှ၊ ထိခိုက်ပွန်းပဲ့ အနာများကို လျင်မြန်စွာ အနာကျက်စေသည်။ ဖက်ခွက်နာ၊ ယားနာများတွင် ထည့်လျှင် လျင်မြန်စွာ အနာ ပျောက်သည်။

ငှက်သိုက်ကို သက်ဆိုင်ရာ ဆေးဖက်များဖြင့် ရောနှောစပ်ပြီး တစ်နှစ်တစ် ကြိမ်စားပေးခြင်း အားဖြင့် အနာရောဂါ ကင်းရှင်းပြီး ကျန်းမာ သန်စွမ်းသည်ဟု တရုတ်လူမျိုး တို့က ယုံကြည်ကြသည်။ ဇီဝဇိုး ငှက်သည် အခြားငှက် တို့နှင့် ရောနှောမနေ သီးသန့် နေထိုင်လေ့ ရှိသောကြောင့် ငှက်ရောဂါဘယ ကူးစက်မှု မရှိခြင်း၊ ကောင်းကင်ယံထဲ ပျား ကောင်၊ ပိုးကောင်ကိုသာ ထိုးသုတ် စားသောက်ခြင်း၊ ၎င်း၏အာခေါင်မှ အချွဲစေးမျှင် (အန်ဖတ်)နှင့် အသိုက် ပြုလုပ်ခြင်း ဓလေ့တို့ကြောင့် ငှက်သိုက်၌ သဘာဝ အစွမ်းထက် မှုရာနှုန်းမြင့်မားသည်။

သို့ပါ၍ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်သော သဘာဝ အားဆေး ငှက်သိုက်ကို လူကြီးလူငယ် မရွေး မှီဝဲပေးသင့် ပါကြောင်း ကျန်းမာသုတ အဖြစ် ရေးသားတင်ပြ လိုက်ရပါသည်။

အမေ

 

ငါတို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။

သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
သားသမီးတွေက လေအေးစက်တပ် ဘတ်စ်ကားနဲ့ ဘုရားကျောင်းလာနေချိန်မှာ
အမေက နေပူကျဲကျဲထဲ ရွာဘုရားကျောင်းကို ခြေကျင်လျှောက်နေရတယ်
သားသမီးတွေက မှန်လုံခန်း ဘုရားကျောင်းထဲ ၀တ်ပြုနေချိန်မှာ
အမေက ထရံကျဲ ရွာဘုရားကျောင်းလေးထဲမှာ ဆုတောင်းပေးနေခဲ့တယ်
သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်းတောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။

ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။

သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
သားသမီးသုံးယောက်ပေါင်းပြီး ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ

သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။

ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ

ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။

စေတနာမှန်တဲ့ အမေ၊ သဒ္ဒါသန်တဲ့ အမေ
အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။

သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။

သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
တို့အမေကတော့ တောခြုံမြက်ကြားနား။
အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ

အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်

နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်မှာ
အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်

အမိမဲ့သား ရေနည်းငါး
သားဆိုးအမေ တဝေေ၀
လင်ဆိုးမယား တဖားဖား

သားကိုသခင်၊ လင်ကို ဘုရား
မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ

အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။

ဆရာမပြ၊ နည်းမကျ တဲ့၊
အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
နောင်တနဲ့ အမေ့သားသမီးတွေ။

အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
ကမ္ဘာ အဆုံးတိုင်၊ အမြေ့ပုံးနိုင်ပါစေ ။ ။

ကိုယ်ချင်းစာနာ လူ့သိက္ခာ



 

လူမျိုးတိုင်းမှာ ဂုဏ်သိက္ခာတွေ ရှိကြပါသည်။ နိုင်ငံ့ ဂုဏ်သိက္ခာ၊ လူမျိုး ဂုဏ်သိက္ခာ၊ မိဘ ဆွေမျိုး ဂုဏ်သိက္ခာ။ ဒါကြောင့် ''ကြက်မှာ အရိုး၊ လူမှာ အမျိုး''ဟု ဆိုကြ၏။ လူတိုင်း မျိုးရိုး သိဖို့ လိုသည်။ စောင့်ထိန်းဖို့ လိုပါသည်။ မျိုးရိုး ဂုဏ်သိက္ခာ မကျအောင်၊ မညှိုးအောင်လည်း ကျင့်ကြံ နေထိုင် သင့်ပါသည်။ ထို့အပြင် မိမိကြောင့် သူတစ်ပါး ကိုလည်း မထိပါး စေပါနှင့်။ ကိုယ်ချင်းစာ တရား ထားပါ။ စာနာပါ။ ကူညီပါ။

စောင့်ရှောက်ပါ။ မုဒိတာပွားပါ။ မိမိ၏စာနာမှုကင်းသော စကား တစ်ခွန်းကြောင့် အသက် သေနိုင် သလို အရှက် တွေလည်း ရရှိ နိုင်ပါသည်။ အရာရာ တိုင်းတွင် ဆင်ခြင်တုံ တရားဖြင့် ပြောဆို ဆက်ဆံ သင့်လှပေ၏။ မျိုးရိုး ဗီဇ ကောင်းခြင်းသည် အသိ အမြင် ကျယ်ပြောသည်။ တတ်သိ လိမ္မာသည်။ ကိုယ်ကျင့် သိက္ခာရှိသည်။ လူတွေ ခင်မင် လေးစားသည်။ ယုံကြည်မှု ရှိကြသည်။

အကျင့် စရိုက် မကောင်းသူ၊ လိမ္မာရေးခြား မရှိသူနှင့် ခက်ထန် ကြမ်းတမ်း သူကို မည်သူ ကမှ မဆက်ဆံ လိုကြ။ မိတ်ဆွေ မဖြစ် လိုကြပါ။ ထို့ကြောင့် ကိုယ်ချင်း စာနာ တတ်သူ၊ ယဉ်ကျေး သိမ်မွေ့သူ၊ သည်းခံစိတ် ရှိသူ၊ ညှာတာ ထောက်ထား တတ်သူနှင့် ရိုးသား ဖြောင့်မတ်ခြင်း ဟူသည် မည်သည့် ဂုဏ်သိက္ခာနှင့် လဲ၍ မရနိုင်ပါ။ ဥစ္စာဓန၊ ရာထူးဌာန၊ ပညာရှိမှ ဂုဏ်ရှိတာ မဟုတ်။ ငွေကြေး ဓနဥစ္စာကြွယ်ဝ သော်လည်း မလှူရက်၊ မပေးရက် သူတွေ၊ ရာထူး ရာခံ ရှိသော်လည်း နိုင်ငံ့ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်ဘဲ ရေသာခို နေသူတွေ၊ လာဘ်စား ဖြတ်စား၊ အထက်ဖား အောက်ဖိ၊ လှေကြုံ လိုက်သူတွေ၊ ပညာတွေ ရှိသော်လည်း စာရိတ္တ ပျက်ပြားပြီး အတ္တ အကျိုးသာ ကြည့်သူ တွေသည် တန်ဖိုးမရှိ၊ မိမိ ပိုင်ဆိုင် ရရှိမှု တွေကို အသုံး မချ တတ်ခြင်း ဖြစ်၏။

လူ့ ဂုဏ်သိက္ခာသည် ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် မသက်ဆိုင်၊ အကျင့် စရိုက်၊ လူမှု ဝတ္တရား နှင့်သာ ဆိုင်သည်။ ''အတ္တဟိတ၊ ပရဟိတ'' အကျိုးနှစ်ပါးကို မျှတစွာ မဆောင်ရွက် နိုင်သူသည် မည်သို့သော အခါမှ ကြီးပွား ချမ်းသာမည် မဟုတ်၊ လူကောင်း ဖြစ်ရန်လည်း ခဲယဉ်း လိမ့်မည်။

ပတ်ဝန်းကျင်ကြောင့်၊ အပေါင်း အသင်းကြောင့် ကောင်းခြင်း၊ ဆိုးခြင်း တွေလည်း ရှိတတ်သည်။ ကိုယ်ခံစားရမှ၊ ဒုက္ခ ရောက်တော့မှ သိသူတွေ ရှိသည်။ စာရေးသူ နေထိုင်ခဲ့ ဖူးသော ရပ်ကွက် တစ်ခုတွင် လူမှုရေး ခေါင်းပါးသော အိမ်တစ်အိမ်၊ မိသားစု တစ်စု ရှိခဲ့၏။ ရပ်ကွက် ထဲရှိ သာရေး၊ နာရေးမှန်သမျှ ဘယ်သူ့ ကိစ္စမှ မသွား၊ ကူညီ ရိုင်းပင်းမှု မရှိ။ နှုတ်၏ ဆောင်မခြင်း၊ လက်၏ ဆောင်မခြင်း မရှိ။ 


တစ်နေ့တွင် သူ့ကလေး တစ်ယောက် ရုတ် တရက် ဆုံးပါးသွား၏။ သည်တော့မှ ဟိုလူလာပါ၊ သည်လူလာပါ။ ဘာလုပ် ရမှန်း မသိ၊ ရပ်ကွက်ရုံး၊ ဆေးရုံ၊ သုသာန်၊ အလောင်း မြေချဖို့ အဆင့်ဆင့် သွားရ၏။ သက်ပျောက် ဆွမ်းသွတ်ဖို့ ဘုန်းကြီး ပင့်တာက အစ၊ မပင့်တတ်၊ ရပ်ကွက်ထဲက ကိုယ်ချင်း စာနာစိတ်၊ လူမှုရေး စိတ်ဓာတ် ရှိသူ များက အလောင်း မြေချ သင်္ဂြိုဟ်သည် အထိ ဆောင်ရွက် ပေးကြရသည်။ ငါနှင့်မဆိုင်၊ ငါ့ကိစ္စ မဟုတ်ဟု နေခဲ့သူ၊ ကိုယ်တွေ့ ကြုံတော့မှ သူ့မာန တရားတွေ ခဝါချ သွားခဲ့ရသည်။ အသိပညာ မဲ့သူက ရိုင်းပြ တတ်၏။ အသိ ပညာ ရှိသူက ယဉ်ကျေး သိမ်မွေ့၏။ မိဘ၊ ဆရာ သမားများ၏ စကားကို နားဝယ် စွဲသူသည် ယဉ်ကျေးသည်။ တတ်သိ လိမ္မာသည်။ လူမှု ဝတ္တရား သိသည်။ ယနေ့ လူငယ် အချို့ ယဉ်ကျေးမှု နည်းပါး လာသည်။ ဘတ်စကားများ ပေါ်တွင် ရဟန်း သံဃာနှင့် သက်ကြီး ရွယ်အိုများ တက်လာလျှင် နေရာ ပေးရကောင်းမှန်း မသိ။ တချို့က မသိဟန်ပင်
ဆောင်နေ တတ်၏။

လမ်းမပေါ်၌ ဘောလုံး ကန်ကြ သူတွေလည်း ရှိသေး၏။ ရဟန်း သံဃာနှင့် လူကြီး သူမများ လာလျှင် ရပ်ပေး၊ ဖယ်ပေး ရမှန်းမသိ၊ မည်သူ့ကိုမျှ ဂရုမစိုက်။ ထိုထက် ပိုဆိုး သည်မှာ မိန်းမပျို လေးများ ဖြတ်သွားချိန် အနားရှိ ရွှံ့ဗွက် ရေအိုင် ထဲသို့ ဘောလုံးကို ပစ်ကန် ထည့်လိုက်၏။ မိန်းမပျို လေးမှာ ရွှံ့ဗွက်တွေ ပေကျံကာ အရှက်ရ သွားတော့သည်။ ကဲ အဲဒီ နေရာမှာသာ ကိုယ့်နှမလေးလို သဘော ထားရင်၊ ကိုယ်ချင်း စာနာ ကြရင် ဘယ်လောက် ကောင်းမလဲ။ ကိုယ်ချင်း စာနာမှု မရှိသော အခါ လူတွေမှာ ပြဿနာ မျိုးစုံ၊ ဒုက္ခ အဖုံဖုံ ကြုံကြ ရသည်။

 လောက ပါလ တရားတွေနှင့် ကင်းလွတ်သော အခါ ဒေါသ၊ လောဘ၊ မောဟ၊ မာန်မာန တွေနှင့် မွေးမြူ လာသည့် စိတ်ဓာတ်တွေ မာကြော ရိုင်းစိုင်း လာသည်။ လူ တစ်ယောက်၏ ဂုဏ်သိက္ခာသည် ကိုယ်ချင်း စာနာမှုပင် ဖြစ်သည်။ ကိုယ်ကျင့် တရားရှိမှ လူတွေနှင့် ပေါင်းသင်း၍ ရမည်။ မိတ်ဆွေတွေ ဖြစ်လာမည်။ စီးပွားရေး အောင်မြင်မည်။ မိမိ ဘဝလည်း လုံခြုံမည်။ အတ္တ အကျိုး တစ်ခုတည်းသာ ကြည့်သူကား ဘယ်သော အခါမျှ မအောင်မြင်နိုင်၊ လူတော် လူကောင်း မဖြစ်နိုင်၊ စိတ်ချမ်းသာမှု အပြည့် အဝ မရရှိနိုင်၊ မိသားစု ပျော်ရွှင်မှု ထာဝရ မရနိုင်ပေ။ အောင်မြင် လိုသူနှင့် ကြီးပွား ချမ်းသာ လိုသူ တိုင်းသည် မိမိ အမှားကို အချိန်မီ ပြင်ဆင် နိုင်ရမည်။ ဝန်ခံ တောင်းပန် ရဲရမည်။ စိတ်ကောင်း၊ နှလုံးကောင်း မွေးရမည်။ မိတ်သစ်၊ ဆွေသစ်၊ မိတ်ကောင်း၊ ဆွေကောင်းတွေ ဖွဲ့ရမည်။ အနစ်နာ ခံရမည်။ ကူညီ တတ်ရမည်။ ယဉ်ကျေး သိမ်မွေ့ရမည်။ ဘာသာ၊ သာသနာကို လေးစား ရမည်။ မကြာ သေးမီက နိုင်ငံတော် သမ္မတက ချီးမြှင့်သော ဂုဏ်ထူးဆောင် ဆုရရှိ သူများကို ကြည့်ပါ။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှု ကိုယ်ကျင့်သိက္ခာ၊ ပရဟိတနှင့် အလှူ ဒါန စသည့် ကဏ္ဍစုံမှ စွမ်းစွမ်း တမံ ဆောင်ရွက် ကြသူများ ဖြစ်ကြသည်။

မိမိဘဝ တိုးတက် လိုလျှင်၊ ကိုယ်ချင်း စာကြပါ။ စာရိတ္တ မဏ္ဍိုင်ကို စိုက်ထူကြပါ။ မိဘ မျိုးရိုး ဂုဏ်ကို ထိန်းသိမ်း ကြပါ။ ''ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်'' ဆိုသလို ကိုယ့်ကြောင့် လူမျိုး ဂုဏ်သိက္ခာ မကျပါစေနှင့်။ အရာရာကို စိတ်နောက်ကိုယ်ပါ မပြုမိပါ စေနှင့်။ ဒုက္ခရောက်မှ နောင်တ ရတာမျိုးသည် အရာမထင်၊ အသုံး မဝင် နိုင်တော့ပါ။ တကယ့် ဖြစ်ရပ်လေး တစ်ခုကို တင်ပြ လိုပါသည်။ မည်သူ့ကိုမျှ နစ်နာစေသော ဆန္ဒနှင့် မရည်ရွယ်ပါ။ လွန်ခဲ့သော သုံးနှစ်ခန့်က တရားသူကြီး တစ်ဦး၏ ဇနီးက အိမ်ဖော် မိန်းကလေး၏ တစ်ကိုယ်လုံးကို မီးပူနှင့် ထိုးသည်တဲ့။ ရပ်ကွက်ထဲမှ လူတွေက သိ၍ ဟိုတိုင် သည်တိုင် လုပ်တော့မှ အိမ်ဖော်မလေးကို ခေါ်၍ ဟိုပုန်းသ ည်ပုန်းနှင့် ပြဿနာတွေ ရှုပ်ကုန်သည်။ အိမ်ဖော် အမျိုး သမီးငယ်လေးမှာဒ ဏ်ရာတွေ များစွာ ရပြီး မိမွေးတိုင်း၊ ဖမွေးတိုင်းမဖြစ်တော့။ အမျိုးမျိုး လိုက်လံ ကာကွယ် ကြသည်။ ဖုံးဖိကြသည်။ ပြဿနာ ဘယ်လို ပြီးသွားသည်တော့ မသိ။

ထိုကိစ္စသည် ကိုယ်ချင်း စာနာမှု ကင်းသော၊ လူသား သိက္ခာ မရှိသော လုပ်ရပ် ဖြစ်သည်။ လူ့ အခွင့် အရေးကို ချိုးဖောက်တာ၊ တရား ဥပဒေကို ကျူးလွန်တာ ဖြစ်သည်။ ''သနား ကြင်နာမှု မရှိ၊ စာနာ ထောက်ထားမှု ကင်းသော ဖြစ်ရပ် မျိုးတွေ ကြားရတိုင်း'' ရင်နာမိသည်။ ရွံမုန်း မိသည်။ ထို ဖြစ်ရပ် မျိုးတွေ မကြားရ၊ မမြင်ရ ပါစေနှင့် ဟုလည်း ဆုတောင်း မိသည်။ ယဉ်ကျေး သိမ်မွေ့သူ၊ ကိုယ်ချင်း စာနာ တတ်သူ၊ လူမှု သိက္ခာ ရှိသူ များနှင့်သာ ဆုံချင်၊ ကြုံချင်၊ ဆက်ဆံ ချင်ပါ၏။ ဆက်၍ ရေးလျှင် စာဆုံးနိုင်မည် မဟုတ်။ အကြောင်း အရာတွေ များစွာ ရှိပါသည်။

အထူးသဖြင့် နိုင်ငံ့တာဝန်ကို မလွဲမသွေ လွှဲပြောင်း တာဝန် ယူရမည့် မျိုးဆက်သစ် လူငယ် များအား ပြောချင် ပါသည်။ လူမျိုး ဂုဏ်သိက္ခာကို ထိန်းသိမ်းကြပါ။ ကိုယ်ချင်း စာနာ တတ်ကြပါ။ သူတစ်ပါး နစ်နာအောင် မပြုမိ ပါစေနှင့်။ လူ့သိက္ခာ၊ လူ့တန်ဖိုး၊ လူသား ဂုဏ်ရည် ပြည့်ဝ စွာဖြင့် ရှေ့ဆက်ရမည့် ခရီး ပန်းတိုင်ကို လှမ်းနိုင်သော လူတော်၊ လူကောင်းများ ဖြစ်ကြ စေ ရန် မျှော် လင့် ကြိုဆို နေပါသည်။ ။

ပျိုတိုင်းကြိုက်သော အမျိုးသားတို့ပုံစံ


 


How to be a guy every girl wants အမည်နဲ့ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတဲ့ ဆောင်းပါးထဲမှ အချက်အချို့ ကို အခြေခံလို့ ဆီလျော်သလို ပြန်လည်ရေးသား မျှဝေခြင်း ဖြစ်ပါတယ်။


1. Be Confident

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်လို့ ပြောပါတယ်။ မိန်းကလေး တို့ လိုချင်တာဟာ အရာရာ ပြီးပြည့်စုံနေတဲ့ သူမဟုတ်ပါဘူး။ (ထင်တာပဲ :D) ယုံကြည်ချက် အပြည့်အဝနဲ့ ရိုးသားကြိုးစားနေသူများ ဖြစ် ပါတယ်။ ပြိုင်ကား မစီးနိုင်ပေမယ့် ဘတ်စ်ကားမှာ သက်ကြီး ကို နေရာပေးတာမျိုး၊ အခြားဘယ်သူတွေနဲ့ပဲ ယှဉ်ယှဉ် ရင်ကော့ ခေါင်းမော့လို့ တန်းတူ ပြောဆို ဆက်ဆံ လုပ်ကိုင်နေသူမျိုး တို့ ဖြစ်ပါတယ်။ သူဌေးမို့ကြောက်သူ၊ ဆင်းရဲသူမို့ နိမ်ချင်သူမျိုး မဟုတ်ဘူးနော်။ အားလုံးကို သတ္တိရှိရှိ ပြောဆို ရင်ဆိုင်နိုင်သူမျိုး ဖြစ် ပါတယ်။ (စပယ်ယာနဲ့တော့ ရန်မဖြစ်နဲ့ပေါ့။ ရုပ်ပေါက်တယ် :D)

2. Be Patience

ဟုတ်ပါတယ် စိတ်ရှည်ဖို့လိုအပ်ပါတယ်။ Remember, she's only a girl တဲ့။ မိန်းကလေးကို မိန်းကလေးလို့ပဲ မြင်ပါလို့ဆိုပါတယ်။ စကားများ ချင်များမယ်။ အတင်းပြောချင်ပြောမယ်။ ပစိပစပ်နိုင်ချင် နိုင်မယ်။ ဒါကို အရေးတယူလုပ်လို့ အချက်ကျ လိုက်ပြောနေတဲ့ အမျိုးသားမျိုး၊ အချက်ကျ တုန့်ပြန်တတ်တဲ့ အမျိုသားမျိုးတို့ကို အမျိုးသမီးတို့ မကြိုက်ဘူးလို့ ဆိုပါတယ်။

3. Compliment her

Girls love compliments တဲ့။ သူတို့ကို ချီးမွမ်းတာ ကြိုက်တတ်ကြပါတယ်။ ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ သူ့ကို ရုပ်လှတာလေးပဲ ဖြစ်ဖြစ်၊ စကားပြောကောင်းတာလေးပဲ ဖြစ်ဖြစ် ချီးမွမ်းပေးလိုက်လို့ အပန်းမကြီးဘူးလေ။ ဒါဆိုရင်လည်း မိန်းကလေးက ယင်းကောင်လေးကို နှစ်သက်လာမှာပါ။

4. Try out her favourite

အကြိုက်လိုက်သူအောင် ညှိရမယ်လို့ ဆိုလိုပါတယ်။ ဒါကလည်း အများအားဖြင့်တော့ မှန်နိုင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ ကြိုက်တဲ့ အစားအစာ တူတာမျိုး၊ အရောင်ကြိုက်တူတာမျိုး၊ သီချင်းကြိုက် တူတာမျိုး တို့က ကောင်းတယ်လို့ ဆိုပါတယ်။ လွယ်လွယ် စဉ်းစားကြည့်တော့ တီဗီကြည့်တဲ့အခါ ချယ်နယ် တစ်ခုတည်းကိုပဲ နှစ်ယောက်အကြိုက်တူလို့ ကြည့်တာ အကောင်းဆုံးပဲလေ။ အကြိုက်တူပြီဆိုရင်လည်း မိန်းကလေးများ နှစ်သက်တယ်ဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။

5. Be funny
ဒါကတော့ အားလုံး လက်ခံမှာပါ။ မိန်းကလေးများက သူတို့ကို ပျော်အောင်၊ ရယ်နေအောင် လုပ်ပေးတတ်သူကို သဘောကျ နှစ်သက်တာ အမှန်ပါပဲ။ သို့ပေမယ့် ကိုယ့်ကိုယ်ကို လူရွှင်တော်၊ လူပေါကြီးတော့ မဖြစ်မခံနဲ့ပေါ့။ လူပေါဖြစ်နေရင်လည်း အမျိုးသမီး နှစ်သက်သဘောကျဖို့ Chance နည်း ပါတယ်။ ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တယ်ဆိုတာလေး ကို ပြသနိုင်ရင် ရပါပြီ။

6. Share things with her

မျှဝေပါတဲ့။ မုန့်ခေါ်ကျွေးတာမျိုး၊ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းလေး ပေးလိုက်တာမျိုး၊ သူကြိုက်တဲ့ သီချင်းဖွင့်ပေးတာမျိုး၊ ကူး ပေးတာမျိုး၊ စာအုပ်ရှိလည်း ငှားလိုက်တာမျိုး၊ စာရှင်းပြတာမျိုး။ အဲ့လို Share လုပ်ပေးနေတာကိုက အမျိုးသမီးကို နှစ်သက်တာပါ။ (ဘဏ်စာအုပ်ကတော့ နောက်မှ Share ပေါ့. kidding)


7. Tell her things.

မိမိမှာ ရှိတဲ့ လျှို့ ဝှက်ချက်ကိုပြောပြပါ။ လျှို့ ဝှက်ချက်ဆိုလို့ မီးခေတ်သေတ္တာ နံပါတ်တို့ ၊ APM ကဒ် Password တို့ မဟုတ်သေး ဘူးလေ။ အခြားလူတွေ မသိသေးပဲ သူမတစ်ယောက်တည်း ကိုပဲ ပေးသိ ပါတယ်ဆိုတဲ့ အကြောင်းအရာ မျိုးလေးပဲ ပြောဖို့ ပါ။ ပြီးတော့ ဒါကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့ သဘောနဲ့ သူနားလည်အောင်ပြောပြရပါမယ်။ ဒါဆိုရင် မိန်းကလေးက ယင်းကောင်လေးအပေါ် ပိုယုံကြည်လာပြီး "ငါဟာ သူရင်ဖွင့်စရာလူ တစ်ယောက်ပါလား" လို့ ထင်မြင်လို့ ပျော်ကောင်းပျော်ပါလိမ့်မယ်

8.Listen her things

မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို နှစ်သက်ရင် သူ့အကြောင်းတွေရင်ဖွင့်တတ်ပါတယ်။ မပြောပဲနဲ့တော့ ဇွတ်အတင်း သွားမမေးရဘူးလေ။ ဒါဆိုရင် ပိုလို့တောင် အမြင်ကပ်သွားနိုင်ပါတယ်။ သူရင်ဖွင့်လာရင်လည်း ရင်ဖွင့်သမျှကို ရင်ထဲမှာပဲ သိမ်းထားပါ။ ဘယ်သူမှထုတ်မပြောပါနဲ့။ အဲ့လို ထုတ်မပြော ပါဘူးဆိုတာကိုလည်း သူသိအောင် ကိုယ်က နေပြရမယ်။ စိတ်ဝင်စားပြရမယ်။ ပြန်ပြီးတော့ ဆွေးနွေးပေးရမယ်။ ဒါဆို သူ့အပေါ် နားလည်ပေးနိုင်တဲ့ သူပါလား ဆိုပြီး မိန်းကလေးက ယင်းကောင်လေး အပေါ် ပိုလို့ ယုံကြည်လာစေ ပါတယ်။

9. Be Real

အရေးအကြီးဆုံး အချက်ပါပဲ။ အထက်က ပြောခဲ့တဲ့အတိုင်း ငါ ဒီလို သွားလုပ်လိုက်မယ်လို့ သွားမလုပ်လိုက်ပါနဲ့။ နေဝင်ပြီး နေထွက်သလို အမှန်တရားကလည်း ဖုန်းကွယ်လို့ မရဘူးလေ။ သူအထင်ကြီး ပါစေတော့ ဆိုပြီး တစ်ချက်ပြီးတစ်ချက် ဟန်ဆောင်ပြီး ချည်းကပ်ရင်၊ သရုပ်ဆောင်ရင် တစ်နေ့တော့ ပေါ်မှာပဲ။ ပိုလို့တောင် အထင်သေး သွားနိုင်ပါတယ်။

ဒီတော့ ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေး မဟုတ်သူများနဲ့ ပြောဆို ဆက်ဆံတဲ့အခါ Tell her things နဲ့ Try out her favourite ကို ချန်ထားပါ။ ကိုယ့်အကြောင်း ပြောပြတာတို့။ သူ့အကြိုက်လိုက်လျော တာတို့က ကိုယ်ချစ်တဲ့သူဆီမှာပဲ လုပ်သင့်တာလေ။ ဒါကို မိန်းကလေး တိုင်းမှာ လိုက်လုပ်နေရင် အဲ့လူ မရိုးတော့တာ အမှန်ပဲ။ (သတိထားကြနော်)။

အားလုံး ဗဟုသုတတိုးနိုင်ကြပါစေ။

ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်






ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။

သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။

ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။

သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု


 ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။

အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။

ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။

ရင့်ကျက်သူဖြစ်ဖို့


 

(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။

(၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။

(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်သတိပေးပါ။

(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီး လုပ်ပါ။

(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ "လောက အကြီးကြီး"ကို ထည့်သွင်းထားပါ။

(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။

(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ အမှားနောက်ကဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။

(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။

(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။
(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။

(၁၂) သင့်မှာ ပရိသတ်တွေ အဲဒီလောက်မများဘူး။ သိပ် အပင်ပန်းမခံနဲ့။

(၁၃) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။

(၁၄) တခြားလူပြောတဲ့စကားကို ဦးနှောက်ထဲမှတ်ပါ။ ကိုယ့်ကိုယ်ကိုတော့ စိတ်ထဲမှာမှတ်ပါ။

(၁၅) လောကကြီးမှာ အတန်းအစားရှိတယ်။ မတရားမှုတွေလည်း များတယ်။ မညည်းညူပါနဲ့။

(၁၆) သင်ကိုယ်သင်တွေးထင်သလောက် သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။

(၁၇) ငွေကြေးနဲ့ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။

(၁၈) "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။ "ဆောရီး"ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(၁၉) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာရှိတာကို ဖြေးဖြေးပြောပါ။ တွေးစရာရှိတာကို မြန်မြန်တွေးပါ။

(၂ဝ) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။

(၂၁) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက် နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။

(၂၂) ကံကြမ္မာက ကိုယ့်အပေါ် အကြွေးတင်နေတာမဟုတ်ဘူး။ တကယ်တော့ ကိုယ့်ကြိုးစားမှု မလုံလောက်သေးတာ။

(၂၃) ကြိုးစားပါ။ နည်းနည်းထပ်ကြိုးစားပါ... ထပ်ထပ်ပြီးကြိုးစားပါ။ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လိမ့်မယ်။

(၂၄) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိဘူး။

(၂၅) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။ "ငါ ကြိုးစားကြည့်ပြီးပြီးလား" လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။ ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်ပြီတဲ့....

Monday, July 29, 2013

ရုပ်ကိုလှအောင်ပြင်သလို စိတ်ကိုလည်း လှအောင်ပြင်ဖို့လို




မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။

ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘော
...

ထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။

ဘ၀မှာလှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ် ၀ိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး
သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ "ရေ"ပါတဲ့။ နူး ညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေ တယ်။

မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။

မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။

မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။

မိန်းမကောင်းဆိုတာ ရှု့ခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်
ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာ
ကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်
ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။

မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။

မိန်းမကောင်းတွေဟာကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ကြန်အင် လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။

ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ် လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေ ကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။

နှလုံးသားထဲချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာဘယ်လောက် ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့အရိပ်တွေ ကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။

မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ် ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်းဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့
အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။

မိန်းကလေးတိုင်း ထူးချွန် ထက်မြက်မှာမဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်း ဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင် ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပ ဖို့လည်း ကျွန်မတို့မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစု မှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ရုပ်ရှည်မလှပ လို့၊ မချမ်းသာလို့ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မ တို့ ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်လှတယ်၊ မလှဘူးနဲ့မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုး တယ်၊ ၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်
ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင် ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလိုကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်း ထဲမှာစစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေ ဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ် ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေ
လို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက် တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသား အရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့
လှလှပပ ရှင်သန်နေထိုင်သင့်တယ်....။

လုပ်ငန်းခွင်တွင် မတိုးတက်သည့် အကြောင်းတရားများ





ပညာမာန ထားခြင်း

အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံးရင်တောင် မတိုးတက်တော့ပါဘူး။

လောဘကြီးခြင်း

လောဘဆိုတာ ဒီလိုပါ။ အချို့ က ကုမ္မဏီပိုင်ရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ သူဌေး အစရှိသဖြင့် ဖြစ်ချင်နေကြပါတယ်။ သို့ပေမယ့် ဝန်ထမ်းကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် လေ့လာ ကျင့်ကြံ အားထုတ်ဖို့ကျ မကြိုးစားကြပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်သူက အရင်ဆုံး နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ကနေ ကန့်လန့်တိုက်ပြီး ဆက်တိုက်လိုက်တာတဲ့ သူကို ခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ ယင်း အဖွဲ့အစည်းဟာ မအောင်မြင် နိုင်တော့ပါဘူး။

ဒေါသ ထားခြင်း

ဒေါသဆိုတာ အမှန်တော့ ကပ်သွက်တာပါ။ သင်ကောင်းလျှင် ကျုပ်မဆိုးပါ။ သင်ဆိုးလျှင် ကျုပ်ဆိုးမည် ဆိုတော ဒေါသကြီးသူတို့ လုပ်ရပ်ပါ။ ဘယ်လုပ်ငန်းခွင် မှာမဆို ဒီလိုပဲ သူက ဒီလောက်ပဲလုပ်လို့ ငါလည်း ဒီလောက်ပဲ လုပ်မယ်။ ငါဒီလောက်လုပ်တာကို သူတို့အသိအမှတ်မပြုလို့ ငါ မလုပ်တော့ဘူး အစရှိသဖြင့် ဒေါသထားခြင်းကလည်း လုပ်ငန်းခွင်မှာ ကျရှုံး စေပါတယ်။


ပျင်းရိခြင်း

အချို့ က သိသိသာသာပျင်းပါတယ်။ အချို့ က မသိမသာ ပျင်းပါတယ်။ အချို့  က ပျင်းပေမယ့် မပျင်းချင်ယောင်ဆာင် တတ်ပါတယ်။ ဒီလောက်ခိုင်းလို့ ဒီလောက်ပဲ ပြီးအောင်လုပ်မယ်။ သူခိုင်းတာလောက်ပဲ လုပ်မယ်။ အစရှိသဖြင့် ခိုင်းတာပဲ လုပ်တတ်နေသူဟာ အခိုင်းခံသူပဲ ဖြစ် မှာပါ။ ခိုင်းမယ့်သူ ဖြစ်မလာပါဘူး။

ဆက်ဆံရေး ညံ့ဖျင်းခြင်း

လုပ်ငန်းခွင်မှာ ဆက်ဆံရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဘယ်လောက်ပဲ တော်တယ်ပြောပြော၊ တတ်တယ်ပြောပြော ကိုယ့်မှာ ရှိတဲ့ အရည်အချင်းကို တစ်ဖက်သား သိအောင် ထုတ်ဖော်မပြောတတ် တာတွေ၊ ပြောတော့လည်း တစ်လွဲပြောတာတွေ အစရှိသဖြင့် ဆက်ဆံရေး ညံ့ဖျင်းမှုများကလည်း လုပ်ငန်းခွင်မှာ မတိုးတက် စေပါဘူး။

လေ့လာဆည်းပူးမှု မရှိခြင်း

ဆက်လက်လေ့လာဆည်းပူးမှုမရှိဘူး။ လုပ်တဲ့အလုပ်မှာလဲ ပေးအပ်တဲ့ တာဝန်က လွဲလို့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှု မရှိရင်လည်း မတိုးတက် ပါဘူး။

...
လုပ်ငန်းခွင်မှာ မတိုးတက်စေမယ့် အချက်များကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။

ပင်ဂွင်းတို့ ချစ်ခြင်းနှင့် သစ္စာ





ပင်ဂွင်းငှက်တွေမှာ ထူးခြားတဲ့ နေထိုင်မှု အလေ့အထများ ရှိနေပါတယ်။ ယင်းအလေ့အထများထဲမှ အချို့ အရာတွေဟာ လူသားတွေထက် ပိုပြီး Romantic ဆန်နေတတ်ပါတယ်။ တစ်ခုကတော့ ချစ်ခွင့်ပန်ခြင်းပါ။

ပင်ဂွင်းတွေဟာ သစ္စာရှိပြီး တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါတယ်။ ပြီးတော့ အချစ်ကိုလည်း မတရားမယူတတ်ပါဘူး။ သူတို့ ပင်ဂွင်း အထီးများဟာ သူတို့ချစ်တဲ့ ပင်ဂွင်း အမကို တွေ့ရင် တိတ်ဆိတ်တဲ့ တစ်နေရာကိုခေါ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ချစ်ခွင့်ပန်ပါတယ်။ ပါးစပ်မှာလည်း ကျောက်စရစ်ခဲ တစ်တုံး သယ်ထားပြီး ပင်ဂွင်းအမကို ပေးပါတယ် အကယ်၍ ယင်း ကျောက်စရစ်ခဲကို ပင်ဂွင်းအမက လက်ခံယူတယ်ဆိုရင် သူ့အချစ်ကို လက်ခံလို့ပဲ ဖြစ်ပါတယ်။

ယင်းသို့လက်ခံရရှိပြီးတဲ့ ပင်ဂွင်းမကိုလည်း အခြားပင်ဂွင်းအထီးများက ချစ်ခွင့် မပန်တော့ပါဘူး။ ဒီလိုနဲ့ ယူဖြစ်သွားတဲ့ ပင်ဂွင်းနှစ်ကောင်မှာ အထီး ဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် တစ်ကောင်ကောင်က အကြောင်းအမျိုးမျိုးကြောင့် အရင်သေသွားရင် နောက်ထပ်ကြင်ဖော်မရှာပဲ တစ်ကောင်တည်း နေထိုင်တတ်တဲ့ အလေ့အထလည်း ရှိပါတယ်။

ဒါကြောင့် ပင်ဂွင်းများရဲ့  ချစ်ခြင်းနဲ့ သစ္စာဟာ လူတွေထက် လေ့လာ အတုယူစရာ တစ်ခုလို ရှိနေကြောင်း သိရပါတယ်။

ကြက်ကိုစားသော ဧရာမ ပင့်ကူ Nephila edulis



Nephila edulis လို့အမည်ရတဲ့ ပင့်ကူပါ။ သြစတေးလျ နိုင်ငံမှာပဲ ရှိတဲ့ ပင့်ကူ ဖြစ်ပါတယ်။ ကြက်တင်မကပဲ အခြားသော အကောင်ကြီး သတ္တဝါများကို စားသုံးတဲ့အထိ ဖြစ်ပါတယ်။

သူက အသားမစားပါဘူး။ ဦးနှောက်ပဲ ဖောက်စားတာပါ။ လူတွေကို အန္တရာယ် ပြုရတဲ့အထိတောင် ကြောက်ရတဲ့ ပင့်ကူ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာကတော့ သြစတေးလျက ပန်းခြံတစ်ခုမှာ မွေးထားတဲ့ ပင့်ကူ ဖြစ်ပါတယ်။

Body အရှည် ၂၃ မီလီမီတာလောက်သာ ရှိပေမယ့် သူ့ထုတ်တဲ့ ပင့်ကူအိမ် အချင်းက ၆ မီတာ အထိ ရှိနိုင်ပါတယ်။ ခိုင်လည်း ခိုင်ပါတယ်။ တော်ရုံ အားကြီးပါတယ်ဆိုတာ ကျား၊ ခြေင်္သေ့ တွေတောင် မရုန်းနိုင်ပါဘူး။ သူ့ပင့်ကူအိမ်ရှိတဲ့ နေရာတွေဆိုရင် ရှောင်လေ့ ရှိပါတယ်။

ဒါကြောင့် Nephila edulis ဟာ အသန်မာဆုံး ပင့်ကူအိမ်ထုတ်တဲ့ ပင့်ကူ စာရင်းထဲမှာလည်း ပါဝင်ကြောင်း သိရပါတယ်။

သွားတိုက်ပါ



 


ဘာကြောင့် သွားတိုက် သင့်တာလဲ ဆရာ။

         သွားတိုက်တာက သွားတွေကို သန့်ရှင်းအောင် တိုက်ရတာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာ ဘက်တီး ရီးယား ပိုးတွေ ရှိနေပါတယ်။ စားလိုက်တဲ့ အစာတွေနဲ့ တံတွေး ဓာတ်ပ စ္စည်းတွေ ဓာတ်ပြုပြီး ဘက်တီး ရီးယား အကွက်လွှာ (Bacterial Plaque) တွေ ဖြစ်လာ ပါတယ်။ အဲဒီဘက် တီးရီးယား အကွက်လွှာ ထဲပါတဲ့ ပိုးတွေက သွားမျက်နှာပြင်မှာ တွယ်ကပ်ပြီး အစားအစာနဲ့ ဓာတ်ပြုရာက ထွက်လာတဲ့ ဒြပ်ပေါင်း (End Products or Metabolic Products) တွေက သွားတွေကို ပျက်စီး စေပါတယ်။ သွားဖုံးတွေကို လောင်ကျွမ်း စေပါတယ်။ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ဖယ်ရှားလိုက်ရင် ခံတွင်း သန့်ရှင်း သွားပြီး သွားပိုးစား ရောဂါ၊ သွားဖုံးရောင်တာ၊ သွားမြစ်ဝှမ်း ရောဂါနဲ့ ရေစီး ကမ်းပြို ရောဂါတို့ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

       ခံတွင်းထဲမှာ Lactobacillus၊ Acidophilus၊ Streptoccocus နဲ့ Mutans အစရှိတဲ့ ပိုးတွေနဲ့ စားကြွင်း စားကျန်တွေ ဓာတ်ပြုရာက အက်စစ်ငရဲမီးကို ထုတ်ပေးပါတယ်။ အဲဒီငရဲမီးက သွားတွေကို
ပိုးစား စေပါ တယ်။ သွားဖုံးရောဂါ ဖြစ်စေတဲ့ တခြားအုပ်စုနဲ့ ဓာတ်ပြုသလို စားကြင်း စားကျန် တွေနဲ့ ဓာတ်ပြုပြီး အဆိပ်တွေ ထုတ်လိုက် ပါတယ်။ အဲဒီ အဆိပ်တွေက သွားဖုံးကို စားပြီး သွားမြစ်ဝှမ်း ရောဂါကို ဖြစ်စေပါ တယ်။ ရေစီးကမ်းပြို ရောဂါကို ဖြစ်စေ ပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယား အကွက် လွှာကို ဖယ်ရှားဖို့ စနစ်မှန် သွားတိုက် နည်းကို သုံးရပါမယ်။ ခံတွင်းသန့်ရှင်းရင် သွားပိုးစား ရောဂါနဲ့ သွားဖုံးရော ဂါတို့ မဖြစ်စေ နိုင်ပါဘူး။ 

 
ဘက်တီးရီးယား အကွက်လွှာက သွားမျက်နှာပြင် နေရာတိုင်းမှာ ရှိနေ တတ်ပါ သလား ဆရာ။
ရှိနေ နိုင်ပါတယ်။ ဒါပေမဲ့ သွားနှစ်ချောင်း ကြားနေရာတွေ၊ အစာဝါးတဲ့ သွားမျက်နှာပြင်ရှိ အဖု အချိုင့်တွေ၊ Fissure လို့ခေါ်တဲ့ သွားမျက်နှာပြင်ရှိ အရေးကြောင်းတွေပေါ် မှာ တွယ်ကပ် နေနိုင်ပါတယ်။ သွားမှာရှိတဲ့ အခေါင်း၊ အပေါက်၊ အသေစိုက်ထားတဲ့ သွားတု၊ အံကပ်အရှင်ရဲ့ အတွင်းသား ပိုင်းတွေ၊ သွားမညီညာလို့ သွားညှိဖို့ တပ်ဆင်ထားတဲ့ ကိရိယာ (Orthodontic Fixed Appli-ance) တွေမှာလည်း ကပ်ညိနိုင်ပါတယ်။ သွားအလှဆင်တဲ့ စိန်တုတွေမှာလည်း တွေ့နိုင် ပါတယ်။
ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ မြင်နိုင်ပါသလားဆရာ။
ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ တိုက်ရိုက် မတွေ့မြင် နိုင်ပေမယ့် ဘက်တီးရီးယား အကွက်လွှာ ကပ်ငြိနေနိုင်တဲ့ သွားချေးတွေ၊ သွားကျောက် တွေနဲ့ စားကြွင်း စားကျန်တွေ ကိုတော့ တွေ့နိုင် ပါတယ်။ ခံတွင်းအနံ့ဆိုး ထွက်တာလည်း ခံစားနိုင်ပါတယ်။ ဘက်တီးရီးယား အကွက်လွှာကို တွေ့ရှိချင် တယ်ဆိုရင် ပန်းရောင်ရှိတဲ့ အရောင်ဆိုးဆေးပြား (Disclosing Tablets) ကို အသုံးပြုလိုက်ရင် ရိုးရိုးသာမန်မျက်စိနဲ့ တွေ့နိုင်ပါတယ်။ အဲဒီ ဆေးပြားတွေကို ပါးစပ်ထဲ ထည့်ပြီး ကြေညက်အောင် ဝါးစား လိုက်ပါ။ နှံ့စပ်အောင် ဝါးစားပြီးရင် ရေနဲ့ ပလုတ် ကျင်းပါ။
မှန်ကို ကြည့်လိုက်ရင် မှန်ထဲမှာ အနီရောင် စွန်းထင်နေတဲ့ သွားတွေကို တွေ့ရ ပါလိမ့်မယ်။ တကယ်လို့ ဘက်တီးရီးယား အကွက်လွှာတွေ များနေရင် ခံတွင်းတစ်ခုလုံး နီမြန်း နေပါ လိမ့်မယ်။ ဘက်တီးရီးယား အကွက်လွှာ အနည်းငယ်ပဲ ရှိနေရင် ပန်းနုရောင် ဖြစ်နေ ပါလိမ့်မယ်။ အဲဒီဘက်တီးရီးယား အကွက် လွှာတွေကို သွားတိုက် ရပါတယ်။ ဒါကြောင့် သွားတိုက်တယ် ဆိုတာက သွားဖြူစေဖို့ သက်သက်သာ မဟုတ်ဘဲ သွားမှာ တွယ်ကပ်နေတဲ့ ရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အကွက်လွှာတွေ ကို ထိထိ ရောက်ရောက် ဖယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ စနစ်မှန် သွားတိုက်နည်းကို အသုံးပြုပြီးနောက် တစ်ကြိမ်မှာ အရောင်ဆိုး ဆေးပြားတွေကို ဝါးစားပြီး မှန်ကြည့် လိုက်ပါ။ သန့်စင်တဲ့ အနေအထားကို တွေ့နိုင်ပါတယ်။
ခံတွင်းသန့်စင်ဖို့ ဘယ်လိုနည်းကို သုံးရမလဲ ဆရာ။
ခံတွင်းသန့်စင်ဖို့ရာ အတွက်-
(၁) လက်တွေ့ ပွတ်တိုက်သန့်စင်တဲ့နည်း (Mechanical Method)နဲ့
(၂) ဓာတုဆေးရည်အသုံးပြုပြီး သန့်စင်တဲ့နည်း (Chemical Method) ကို သုံးရပါမယ်။
လက်တွေ့ ပွတ်တိုက် သန့်စင်တဲ့ နည်းတွေကတော့ သွားတိုက်တာ (Tooth Brushing)၊ သွားကြား ပွတ်ကြိုး ထိုးတာ (Dental Flossing)၊ သွားကြား ထိုးတာ Using Toothpick)နဲ့ သွားနှစ်ချောင်းကြား သန့်စင်တဲ့ ကိရိယာသုံးတာ (Interdental Cleaner) စတဲ့နည်းတွေ ဖြစ်ပါတယ်။ ဓာတုဗေဒ နည်းကတော့ သွားနဲ့ခံတွင်း သန့်စင်စေတဲ့ ငုံဆေးတွေနဲ့ ပလုတ်ကျင်း ဆေးရည် တွေနဲ့ သန့်စင်တာပဲ ဖြစ်ပါတယ်။
သွားကို ဘယ်အချိန်တိုက်ရမလဲဆရာ။
နေ့စဉ် နံနက်စာစားပြီး တစ်ကြိမ်နဲ့ ညစာစားပြီး အိပ်ရာ မဝင်မီ တစ်ကြိမ် သွားတိုက် ရပါမယ်။ သွားတိုက်ဖို့ ပိုပြီး အရေးကြီးတာက ညအိပ်ရာမဝင်ခင် ခံတွင်းကို စနစ်တကျ အချိန်ပေးပြီး တိုက်တာပဲ ဖြစ်ပါတယ်။ ဒါမှ တစ်နေ့လုံး စားထားတဲ့ စားကြွင်းစားကျန်တွေနဲ့အတူ ဘက်တီးရီးယား အကွက်လွှာ ကင်းစင်သွားမှာပါ။
သွားကို ဘယ်လောက်ကြာကြာ တိုက်ရမလဲ ဆရာ။
သုံးမိနစ်- ငါးမိနစ်ခန့် တိုက်ပါ။ ကလေးငယ်တွေကို မိခင်က သွားပွတ်တံ သေးသေး ဒါမှမဟုတ် လက်မှာ စွပ်ရတဲ့ သွားတိုက်တံနဲ့ တိုက်ပေးပါ။ မူကြိုကလေးတွေကို မိခင်က ထိန်းပြီး အိမ်မှာ မှန်မှန် တိုက်ပေးပါ။ ကျောင်းမှာဆိုရင် ဆရာမတွေရဲ့ ကြီးကြပ်ကွပ်ကဲမှု လိုပါတယ်။
ဘယ်လို သွားပွတ်တံကို သုံးရမလဲဆရာ။
လက်ကိုင် ညီညာ ဖြောင့်ဖြူးတဲ့ သွားပွတ်တံနဲ့ မပျော့လွန်း၊ မမာလွန်းတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို သုံးရပါမယ်။ ဝက်မှင်ဘီးရဲ့ မျက်နှာပြင်က ညီညာနေရပါမယ်။ အချိုင့်နဲ့ အချွန် အတက်ပါတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို မသုံးရပါဘူး။
ဘယ်လို သွားတိုက်ဆေးမျိုး သုံးသင့်ပါသလဲ ဆရာ။
ရှေးယခင်က သာမန် သွားတိုက်ဆေးကို သုံးခဲ့ကြပါတယ်။ အခုအခါ မှာတော့ ဆေးသိပ္ပံ ပညာရှင် တွေရဲ့ လေ့လာချက်အရ ဖလိုရိုက်ပါတဲ့ သွားတိုက် ဆေးကို အသုံးများ ကြပါတယ်။ ဖလိုရိုက်က သွားပိုးစားရော ဂါကို အဓိက ကာကွယ်ပေးပါတယ်။ ဖလိုရိုက်ဓာတ်နည်းပါးရင် သွားပိုးစားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သောက်ရေမှာ ဖလိုရိုက်အများကြီး ပါရင်တော့ သွားရဲ့ မျက်နှာပြင်ကို ပြောင်းလဲစေတဲ့ ရောဂါ (Fluorosis) ဖြစ်စေနိုင် ပါတယ်။
သွားပွတ်တံကို ဘယ်နှလတစ်ကြိမ် လဲလှယ်အသုံးပြုရမလဲ ဆရာ။
အကြမ်းဖျင်း အားဖြင့် သွားပွတ်တံကို သုံးလ တစ်ကြိမ် လဲလှယ် အသုံးပြုနိုင် ပါတယ်။ အတိအကျတော့ မဟုတ်ပါဘူး။ သွားပွတ်တံ ဝက်မှင်ဘီးက ဖွာလန်ကြဲပြီး နောက်ကို လန်လာရင် လဲရပါမယ်။ သွားပွတ်တံက ကျိုးပဲ့ပြီး ပျက်စီး သွားရင်လဲ ရပါမယ်။

Super ဖရဲသီး





ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူ ပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်း ကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့ သစ်သီးဖြစ်ရုံမက နတ်သမီးလေး ဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ် ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ် သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။

မှတ်ဉာဏ်ကောင်းစေတယ်

မြင်းခွာရွက်မှ မှတ်ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ ဖရဲသီးဟာလည်း လူကို မှတ်ဉာဏ်ကောင်း စေတယ်။ ဖရဲသီးအစေ့ကို အခွံခွာပြီး လေး၊ ငါးလုံးလောက် မနက် ဘာမှမစားရသေးခင် စားပေးပါ။ ကျောင်းသူ ကျောင်းသားတွေ စားသုံးပေးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊ ဗီတာမင်ဘီ၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်မပျော်ခြင်း၊ လွယ်ကူစွာ အိပ်မရခြင်း၊ ခဏ ခဏ သတိမေ့လျော့ခြင်းများအတွက် ဖရဲသီးဟာ အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ ဖြစ်ပါတယ်။

ဝမ်းချုပ်တာကာကွယ်

ဖရဲသီးကို နေ့လယ်စာနဲ့ ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ဖျားနေရင် ဖရဲသီးကို ဒီအတိုင်းသော်လည်းကောင်း၊ အရည်သော် လည်းကောင်း သောက်သုံးပေးပါ။ ချောင်းခြောက်ဆိုးနေရင် ဆားခပ်ပြီး သောက်ပေးပါ။

ခေါင်းကိုက်၊ ကျောက်ကပ်

ခေါင်းကိုက်နေရင် ဖရဲသီးဖျော်ရည်ကို မနက်ပိုင်း ဘာမှမစားရသေးခင် သောက်ပေးပါ။ သကြားတစ်ဇွန်း (လက်ဖက်ရည်ဇွန်း) နဲ့ ခပ်ပြီး သောက်ပေးပါ။ ဖရဲသီးကို အရည်ပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲဖြစ်ဖြစ် စားသုံးပေးပါက ကျောက်ကပ်ကို သန့်စင်စေပါတယ်။ ဂျိုးတွေကျစေ ပါတယ်။ ကွမ်းစားလို့ ကျောက်ကပ်မှာ ထုံးတွေတည်နေတာတွေ ကျစေပါတယ်။

သွေးတိုးသမားတွေအတွက်

ဖရဲသီးအစေ့ကို ဖျော်ရည်လုပ်ပြီး သောက်ပေးရပါမယ်။ ဖရဲသီးအစေ့ကို နေလှန်းပြီး တစ်ရက်ထားပါ။ ပြီးရင် လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့တွေကိုယူပြီး ရေနွေးနဲ့ တစ်နာရီလောက် ပြုတ်ပေးပါ။ သုံးပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကို မနက်တိုင်း ဘာအစာမှ မစားရသေးခင် သောက်သုံးပေး ရပါမယ်။ ကျန်တဲ့ နေ့ခင်းဘက်အချိန်တွေ သောက်ရင်လည်း ရပါတယ်။ မနက်ပိုင်း ဘာအစာမှ မစားရသေးခင် သောက်တာဟာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ဖရဲသီး Diet လုပ်နည်း

ဖရဲသီးဟာ ဝိတ်ကျစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဖရဲသီးတစ်ခွက်မှာ ကယ်လိုရီ ၄၆ ရှိပါတယ်။ ဖရဲသီးဖျော်ရည်ကို များများသောက်ပြီး ရေများများသောက်ပေးရင် သိသိသာသာ ဝိတ်ကျလာစေပါတယ်။ တခြား ဘေးထွက်ဆိုးကျိုးများ မရှိတဲ့အတွက် စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ဖရဲသီးကို ဘယ်လောက်စားသုံးပေးရမလဲဆိုတော့ ကိုယ်ဘယ်လောက် ဝိတ်မြန်မြန်ချချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သာမန်အား ဖြင့်တော့ ကယ်လိုရီ ၁၅၀ စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဖရဲသီးကို မနက်စာ မစားခင် အချိန်၊ နေ့လယ်စာမစားခင် တစ်ခွက်နဲ့ ညနေစာမစားခင် တစ်ခွက် သောက်ပေးပါ။ သွားရည်စာအဖြစ်လည်း စားသုံးပေးပါ။ ဖရဲသီးထဲမှာပါတဲ့ သကြားဓာတ်ဟာ ဘေးဘယာမဖြစ်စေပါဘူး။

အကောင်းဆုံး Toner

ဖရဲသီးဟာ သဘာဝအကောင်းဆုံး Toner တစ်ခုပဲဖြစ်ပါတယ်။ ဖရဲသီးအရည်ကို ပျားရည်နဲ့ရောပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် လိမ်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် ဖရဲသီးအရည်နဲ့တင် လိမ်းပေးနိုင်ပါတယ်။ သဘာဝ Toner ဖြစ်ပြီး မျက်နှာအရေပြားအတွက်လည်း လိမ်းပေးနိုင်ပါသေးတယ်။ လိမ်းမည် ဆိုပါက အရင်ဆုံး ပိတ်ဖြူသန့်တစ်စအပေါ် ဖရဲသီးအရည်ဆွတ်ပြီး မျက်နှာကို လိမ်းပေးပါ။ လည်ပင်းနေရာတွေကိုပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို တင်းရင်းစေတယ်။ စိုပြည်စေပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေတို့ ပါဝင်တဲ့အတွက် အသားအရေကို တောက်ပရွှန်းလဲ့စေပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးပြီး အသစ်ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

ဖရဲသီးနဲ့ မျက်နှာပေါင်းတင်မယ်

ဖရဲသီးကို ညှစ်ပြီး အဖတ်ကို မျက်နှာနဲ့ လည်ပင်းနေရာတွေကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကို ပြန်ဆေးပေးပါ။ ဒါက ရိုးရိုးနည်းဖြစ်ပါတယ်။ မျက်နှာမှာ နေလောင်ဒဏ်တွေ၊ နေပူထဲ ခဏ ခဏသွားရတဲ့ မျက်နှာမည်းညစ်နေတဲ့သူဆိုရင်တော့ ဖရဲသီးနဲ့ သခွားသီးကို အချိုးကျညှစ်ပြီး အဖတ်နဲ့လိမ်းပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ လောက်ထားပြီးမှ ရေနဲ့ပြန်ဆေးပေးပါ။ သာမန်အသားအရေအတွက် ဖရဲသီး ပေါင်းတင် နည်းဟာ အရေပြားကို နူးညံ့ရွှန်းစိုလာစေပြီး နေလောင်ဒဏ် အသားအရေများအတွက် မည်းညစ်နေတာတွေ ပျောက်ကင်းပြီး ရှင်းသန့်လာစေပါတယ်။


ပုရိသတို့စားသုံးသင့်တဲ့ ဖရဲသီး

ဖရဲသီးဟာ ယောက်ျားကာမ အားတိုးစေတယ်လို့ သိပ္ပံပညာရှင်များစွာ က သက်သေထူနိုင်ခဲ့ ကြပါတယ်။ ယောကျာ်းအယောက် ၅၀ ကို လေ့လာဆန်းစစ် တဲ့အခါမှာ ကာမအား သိသိသာသာ တိုးလာ ကြောင်း တွေ့ရှိရပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်တွေ အများကြီးရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လုံလောက်တဲ့ Crtrulline ရရှိရန် ဖရဲသီးခြောက်စိတ် (သို့) ခုနှစ်စိတ်ကို နေ့စဉ်စားသုံးပေးရန် လိုအပ်ကြောင်း သိရှိရပါတယ်။

 
နွေဦးအစားအစာ

ပူအိုက်တဲ့ရာသီမှာ စားသုံးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးမှာ ရေဓာတ်အများကြီး ပါပါတယ်။ ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ရေကိုဒီအတိုင်းကြီး သောက်တာထက် ဖရဲသီးကို စားပေးတာဟာ အရသာလည်းရှိ၊ ရေငတ်လည်းပြေပါတယ်။ ကိုယ်အတွင်းရှိ အဆိပ်ဖြစ်စေမယ့် အရာတွေကို ရှင်းပေးပါတယ်။

ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်




ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

ဘေးဘယာများ ဝေဖြာစေဖို့အတွက်

အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုး သံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာ ဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲ ဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။ ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး ကလေး ချောင်ဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။

 ခေါင်းကိုက်ခြင်း အတွက်ကတော့ ကြက်သွန်ဖြူကို ဆားနဲ့ရောပြီး သောက်ပါ။ ကြိတ်ပြီးနားထင်ကို လိမ်းပေး နိုင်ပါတယ်။ အကြောကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူ အရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဥ တစ်လုံးကို တစ်နေ့ နှစ်လုံး (သို့) သုံးလုံး စားပေးမယ်ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အရေပြားရောဂါများ ဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူ ကိုထောင်းပြီး အုန်းဆီနဲ့ လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှော့ချ ပေးနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောရိုးမကြီး ရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ကာကွယ် အထောက်အကူ ပေးပါတယ်။

ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေး တွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင် လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက် ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။

White oion နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥ တစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်း မာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်း ကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။

သတင်းကောင်း တစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာ တစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော် ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီ တစ်ဇွန်း၊ ပျားရည် တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထား ပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။


ကွမ်းရွက်ပင်




 


ကွမ်းရွက်သည် မြန်မာတို့၏ ကွမ်းစားခြင်းကြောင့် ထင်ရှား လှပါသည်။
ကွမ်းရွက်သည် မြန်မာ့ တိုင်းရင်းဆေး အနေဖြင့် ဆေးဖက်ဝင် အပင် တစ်မျိုး ဖြစ်သည်။ ထိုကွမ်းရွက်ကိုပင် ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီးနှင့် နိုင်ငံခြားမှ လာသော ဆေးမွှေး အမျိုးမျိုးဖြင့် စားသုံးကြသည်။ တန်ဆေး၊ လွန်ဘေး ဆိုသလို ခံတွင်းနှင့် ပတ်သက်သော ရောဂါ၊ ကျောက်တည် ရောဂါ စသည်ဖြင့် ရောဂါများ ရလာကြသည်။ ကွမ်းစားခြင်းကြောင့် ရောဂါရခြင်း၊ ငွေကုန်ခြင်း၊ ကွမ်းသွေးကြောင့် ပတ်ဝန်းကျင်နှင့် မိမိကိုယ်တိုင်ပင် ညစ်ပေ၍ အရုပ် ဆိုးလှ ပါသည်။ ထို့ကြောင့် ကွမ်းစားခြင်းကို ရှောင်ရှားသင့်ကြောင်း အကြံပေး လိုပါသည်။

ကွမ်းရွက်မှာ ကွမ်းနုနှင့် ကွမ်းကြမ်းဟူ၍ နှစ်မျိုး ရှိသည်။ အရွက်မှာဖန်၊ ခါး၊ စပ်၊ ချိုဆိုသော အရသာ လေးမျိုး ထွက်သည်။ ကွမ်းရွက်သည် နှုတ်ကို မြိန်စေ၏။ ဆီးဝမ်း ရွှင်စေ၏။ အားကို ဖြစ်စေ၏။

အရွက်ကို အသုံးပြုပါက အဆိပ်ကို ပယ်စေတတ်၏။ ဝမ်းမီး တောက်၏။ ကွမ်းရွက် သတ္တုရည်ကို သောက်ပါက နှလုံးကို အကျိုးပြု၏။ လေသလိပ်ကို နိုင်၍ ချောင်းဆိုး ရောဂါကို
ပျောက်ကင်း စေသည်။

သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဆိုရိုး စကား အတိုင်း ဆေးဖက်ဝင် ကွမ်းရွက်ကို ဆေးအဖြစ် အသုံးပြု တတ်ပါရန် ရေးသား လိုက်ရပါသည်။   ။

Saturday, July 27, 2013

သက်တမ်း ရှည်စေမည့် နှလုံး၊ ဦးနှောက်နှင့် အရိုးအတွက် သဘာဝ အစားအစာ



နှလုံးကျန်းမာရေးအတွက် အစာ

၁။ အခွံမာသီး


အခွံမာသီးမှာ အဆီဓာတ် ပါဝင်မှုများပေမယ့် နှလုံးအကျိုးပြု မပြည့်ဝဆီပါ။ ဒါကြောင့် နှလုံးရောဂါ မဖြစ်အောင် အကာအကွယ် ပေးနိုင်တဲ့ အခွံမာသီး များများစားပေးဖို့ လိုပါတယ်။

၂။ အညိုရောင် ချောကလက်


ဆန်းဘလပ်စ်ကျွန်းမှာ နေထိုင်သူတွေဟာ သွေးတိုးရောဂါနဲ့ နှလုံးရောဂါဖြစ်နှုန်း နည်းပါးရတာဟာ ချောကလက်စားသုံးမှု များတာ ကြောင့်လို့ သုတေသီတွေက ယူဆကြပါတယ်။ အညိုရင့်ရောင် ချောကလက်မှာ ပါဝင်တဲ့ ပိုလီဖီနောဓာတ်ဟာ သွေးဖိအားကျစေပြီး နှလုံးကျန်းမာစေပါတယ်။

၃။ ကောက်နှံတစ်ခုလုံးနှင့် ပြုလုပ်ထားသောအစာ


ကယ်လိုရီပါဝင်မှုနည်းပြီး အာဟာရတန်ဖိုးများစွာ ပါဝင်တဲ့ ဆန်လုံးညို၊ ခေါက်ဆွဲညို၊ အညိုရောင် ပေါင်မုန့်နဲ့ ဘာလီစတာတွေဟာ ရောဂါကိုလည်း တိုက်ခိုက်ပေးနိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးနဲ့ အသီးအနှံများများ စားသုံးသူတွေဟာ အသားနဲ့ အဆီများ အစားအစာ စားသူတွေနဲ့ယှဉ်ရင် နှလုံးရောဂါ အန္တရာယ်ကို ထက်ဝက်ခန့် လျော့ကျ နိုင်ကြောင်း တက်ဆက် ကျန်းမာရေးတက္ကသိုလ်က ဆိုပါတယ်။

၎။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ


အပင်ထွက် အစားအစာတွေဟာ အမျှင်ဓာတ်နဲ့ ဗီတာမင်၊ သတ္တုဓာတ် ပါဝင်မှုများပါတယ်။ ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် ကိုယ်အလေးချိန်တက်မှာလည်း ပူစရာမလိုတော့ဘူး။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေဟာ နှလုံးသွေးကြောတွေကို ကျန်းမာစေပါတယ်။

ဦးနှောက် ကျန်းမာရေးအတွက် အစာ

၁။ ငါး


အိုမီဂါသရီး ဖက်တီးအက်စစ် ပါဝင်မှုများတဲ့ ငါးနဲ့ အခွံမာ ပင်လယ်စာတွေဟာ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်မှုနဲ့ နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးအဆီမှာ ပါဝင်တဲ့ DHA နဲ့ EPA ဟာ အသက်ကြီးချိန်မှာ မှတ်ဥာဏ်ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၂။ ဆားနည်းသော အစာ


ဆားနည်းတဲ့အစာဟာ သွေးဖိအား ကျစေတဲ့အတွက် သွေးဖိအားပုံမှန်ရှိတာဟာ ဦးနှောက်ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆားနည်းတဲ့ အစာတွေစားရင် အသက်အရွယ်နဲ့ ဆက်စပ်နေတဲ့ မှတ်ဥာဏ်ဆုံးရှုံးမှုနဲ့ ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းအားနည်းခြင်းတွေကို လျော့နည်းစေပါတယ်။

၃။ စပျစ်သီး


စပျစ်သီး၊ ဘလူးဘယ်ရီသီးတွေလို ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်မှုများတဲ့ အစားအစာ တွေဟာ အသက်ကြီးလာတာကြောင့် ဦးနှောက်ထဲမှာ အပြောင်းအလဲဖြစ်ခြင်း လျော့ပါး စေပြီး မှတ်ဥာဏ်ကောင်းမွန်နေစေပါတယ်။

အရိုးကျန်းမာရေးအတွက် အစာ

၁။ အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်း


ခန္ဓာကိုယ်ကနေ ကယ်လစီယမ် စုပ်ယူဖို့ ဗီတာမင်ဒီ လိုအပ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ထဲမှာ အသားဓာတ် အလုံအလောက် ရှိတာဟာလည်း အရိုးတွေ သန်မာစေဖို့အတွက် အရေးကြီးပါတယ်။ အရိုးအတွက် အရေးပါတဲ့ အဲဒီဓာတ်တွေရအောင် နွားနို့၊ ပဲနို့၊ ဒိန်ချဉ် စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို များများသောက်ပေးပါ။

၂။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ


ရွက်လိပ်မုန်ညင်း၊ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ ကယ်လစီယမ်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၃။ တိုဟူး


ကယ်လ်စီယမ် ဆာလ်ဖိတ် အများအပြား ပါဝင်တဲ့ တိုဟူး (Tofu) စားပေးပါ။

Friday, July 26, 2013

ဆေးဖက်ဝင် ခြံထွက် သခွားသီး





မြန်မာ့ရိုးရာ ဟင်းလျာနှင့် ထမင်းဝိုင်းတွင် တို့စရာအဖြစ် သခွားသီးကို ကြိုက်နှစ်သက်စွာ စားသုံးကြသည်။
သခွားသီးက ကျန်းမာရေးအတွက် အထောက်အပံ့ ပြုနေသဖြင့် အိမ်ရှင်မ များ၏ လက်သုံးဖြစ်သည်။



နူးညံ့ကြွပ်ဆတ်ပြီး အရည်ရွှမ်းသော သခွားသီးတွင် ရေဓာတ် ၉၈ ရာခိုင်နှုန်း ပါဝင်သည်။ ဗီတာမင်စီ၊ ကယ်ရိုတင်း ကစီ၊ ထုံးဓာတ်၊ မီးစုန်းဓာတ်များ ပါဝင် ကြသည်။ အလှပြင်ရာဝယ် သခွားသီးဖြင့် အရေပြားကို ပွတ်ပေးပါက အရေပြား သန့်စင် နူးညံ့စေသည်။ အပေါ်ယံ အရေပြား တွန့်ကြောင်းကို တင်း၍ပြောင်ချော စေသည်။

သခွားသီးကို စားသုံးပါက သခွားသီးရှိ နူးညံ့သော အမျှင်များက ဝမ်းထဲရှိ အူလမ်းကြောင်းကို ပုပ်သိုးဒြပ် ပစ္စည်းများ စွန့်ထုတ်မှုကို လျင်မြန်စေသည်။ သွေးထဲက ကိုလက်စထရောကို ကျဆင်းစေသည်။

ဆေးပညာ ရှုထောင့်က သခွားညွန့်နှင့် သခွားရွက်များက သွေးကြောများကို ကျယ်အောင် ချဲ့စေသည်။ နှလုံးခုန်နှုန်းကို လျော့ကျစေသည်။ အပူကျဆင်းပြီး ဝမ်းကို ပျော့စေသည်။ ကိုယ်ခန္ဓာ ဖောရောင်ခြင်း ဖြစ်ပါက သခွားသီးအခွံကို ပြုတ်သောက်လျှင် ပျောက်ကင်း စေသည်။ သခွားရွက်ကို အခြောက်လှန်းပြီး အမှုန့်ထောင်း၍ ရေနွေးဖြင့် သောက်ပါက ဝမ်းလျှော ဝမ်းပျက် ပျောက်ကင်း နိုင်စွမ်းသည်။ အသားဝါရောဂါ ဖြစ်ပါက ကျိုချက် သောက်နိုင်သည်။

မြန်မာဟင်းလျာ ထမင်းဝိုင်းတွင် ငံပြာရည်ချက်၊ ငါးပိရည်ကျိုဖြင့် တို့စားပါက ထမင်းမြိန် စေသည်။ သို့သော် ကျန်းမာရေးရှုထောင့်မှ ကြည့်ပါက သခွားသီးသည် ရေခဲချောင်းနှင့် တွဲဖက်၍ မစားသင့်ကြောင်းနှင့် စားမိပါက ရင်ကျပ် ရောဂါ ဖြစ်စေနိုင်ကြောင်း သိရသည်။ ထို့ပြင် လေနာရောဂါ ရှိသူများလည်း သခွားသီး စားသုံးမှုကို ရှောင်ကြဉ် သင့်ကြောင်း သိရသည်။ ။

အုန်းသီးရဲ့ လျှို့ဝှက်ချက်


အုန်းသီးရဲ့ လျှို့ဝှက်ချက်


 အုန်းသီး
အုန်းသီးဟာ လူတွေ အတွက် ကောင်းမွန် ထူးခြားတဲ့ အစာ တစ်မျိုး ဖြစ်ပါတယ်.
အထူး ခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင် နိုင်စွမ်း ရှိတဲ့ အသီး ဖြစ်ပါတယ်. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေနိုင်စွမ်း ရှိခြင်း၊ ကိုလက်စရောကို လျော့ချ ပေးနိုင်စွမ်း ရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်း ပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည် သွင်းဖို့ လိုအပ်နေသူများကို တောင်မှ အုန်းရည်ဖြင့် အစားသွင်း ကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အသုံးဝင် အရေးပါပုံကို သိရှိသူမှာ လူအနည်းစု လောက်သာ ရှိပါတယ်. ခေတ်ပေါ် ဆေးသုတေသန ပြုသူများ ကလည်း အုန်းသီးဟာ ကျန်းမာရေး အတွက် အလွန် အကျိုးပြု စေနိုင်သော အသီးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်.
.
အုန်းရည်
အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင် ပေးနိုင်စွမ်း ရှိပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး သက်သေ တစ်ခုကို ပြောပြရမယ် ဆိုရင် ဒုတိယကမ္ဘာစစ် အတွင်းက ပစိဖိတ် ဒေသ စစ်ပွဲတွေ မှာ စစ်သားတွေ အများအပြား ဒဏ်ရာ ရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ် နေပေမဲ့ စစ်မြေပြင် ဖြစ်တာကြောင့် သွေးရည်ကြည် ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည် အစား ထိုးသွင်း ကုသပြီး အသက် ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်.
အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာ တွေ့ရှိ ရပါတယ်.
ကိုလက်စရောကို ကျဆင်းစေခြင်း
အစာခြေနိုင်စွမ်း မြင့်မားစေခြင်း
အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း
ဆဲလ်အသစ်များကို တိုးပွားစေခြင်း
ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း
ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း
အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း
ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း
ရောဂါများကို ခုခံကာကွယ်ပေးခြင်း
မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း
ဘက်တီးရီးယားများကို သေစေနိုင်ခြင်း
စတဲ့ အကျိုးဆက် များစွာကို ပေးနိုင်တဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့
အုန်းသီး ဖြစ်ပါတယ်..
အုန်းသီး အနု
 
အုန်းသီး အနုတွင် သန့်စင် ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့ အတွက် အုန်းသီးအရင့်ထက် စာရင် အဆီ ပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေး အတွက် စဉ်းစားပြီး အုန်းသီး တစ်လုံးကို ၀ယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူ သင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်း အရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညို ခပ်ဖျော့ဖျော့ အရောင် ရှိတတ်ပါတယ်..
အုန်းဆီ
အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုး များတဲ့ ဆေးကုသမှု ဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲ နိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံး သိကြတဲ့ အတိုင်း ဆံပင်သန်စွမ်း နက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင် ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြား ခြောက်သွေ့ခြင်း တို့ကို ကာကွယ် နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သော ပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သော အချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက် ပေးပါက သွားများကို ပိုမို ခိုင်မာ စေနိုင်ပါတယ်လို့ ဖော်ပြ ထားပါတယ်.…
အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများ အတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..
အုန်းဆီကို အရေပြားပေါ် လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်.. အရေပြား တွန့်ခြင်းကိုလည်း နှောင့်နှေး စေတယ် လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြား စောင့်ရှောက် ပစ္စည်းများ ဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ် ကြပါတယ်.. ထိခိုက်ရှနာများ အတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက် အဖြစ် အထောက်အကူ ပြုနိုင် ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေး အဖြစ် ဖုံးအုပ် ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန် စေနိုင်စွမ်း ရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သော မှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်..
အုန်းသီးထွက်ပစ္စည်းများ
အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည် တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြု ကြပါတယ်.. အချို့သော နိုင်ငံ များတွင် အုန်းနို့မှာ ဟင်းလျာ အတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာ နိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော် များများတွင် အုန်းနို့ ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့် ပြု လုပ်သော အစားအသောက်များ အလွန်အကျွံ စားသုံးပါက သွေးတိုး ရောဂါသမားများအတွက် အလွန်အန္တရာယ် ကြီးပါတယ်..
ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်.....

ရေခဲတုံး၏အံ့အားသင့်ဖွယ်ရာအသုံးဝင်ပုံများ

 

 မျက်နှာကိုလန်းဆန်းစေခြင်း 


မိတ်ကပ်မလိမ်းခင် မျက်နှာအသားအရေအနှံ့သုတ်လိမ်းပေးပါ။ ချက်ချင်းတောက်ပလာပါလိမ့်မယ်။ ရေခဲတုံးကို နူးညံ့တဲ့အ၀တ်စ ဒါမှမဟုတ် တစ်သျှူးနဲအုပ်ပြီး မျက်နှာပေါ်အုပ်ပါ။ ပြီးမှ မိတ်ကပ်လိမ်းရင် မိတ်ကပ်သားစွဲစေပါတယ်။


နေလောင်ဒဏ်ရာပျောက်စေခြင်း


ရေခဲတုံးကိုနလောင်ထားတဲ့ အရေပြားပေါ် ပွတ်လိမ်းပေးရင် အလွန်အးမြသက်သာစေတဲ့ ခံစားချက်ရှိပါတယ်။
 

ဝက်ခြံသက်သာစေခြင်း

ဝက်ခြံအဖုအပိန့်တွေပါ် ရေခဲကပ်ပေးရင် အရေပြားကို အေးမြစေတဲ့ ခံစားချက်ရှိပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျဉ်းစေပြီး အရေပြားအတွင်း ဘက်တီးရီးယားပိုးတွေ မ၀င်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ သန့်ရှင်းတဲ့ ပိတ်စထဲ ရေခဲတုံးထည့်ပြီး အမာရွတ်ပေါ်ကို နေစဉ် ၁၀မိနစ်ခန် ပွတ်သပ်ပေးပါ။ ချွေးပေါက်ကျဉ်းပြီး  ရောင်ရမ်းမှု လျော့ကျစေပါတယ်။
 

မျက်စိအနားရစေခြင်း

အလုပ်ကိုကြာကြာလုပ်ပြီး ပင်ပန်းနေရင် ၊ကွန်ပျူတာscreenကိုကာကြာကြည့်ထားရင်ရခဲတုံး ထည့်ထားတဲ့ ပိတ်စကိုမျက်စိပေါ် အုပ်ပေးပါ။ စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေရံသာမက မျက်စိဖောင်းအစ်မှုကို ကင်းစင်စေပါတယ်။

အမွေးနုတ်လျှင်နာကျင်မှုမရှိခြင်း


မျက်ခုံးမွှေးနုတ်တဲ့အခါ နာကျင်မှုမရှိစေဖို မျက်ခုံးမွှေးပေါ်ကို ရေခဲတုံးကပ်ပေးပါ။ အဲဒီနေရာထုံသွားပြီး အမွေးနုတ်တဲ့အခါ
နာကျင်မှု ကင်းစေပါတယ်။

မီးလောင်ဖုသက်သာစေခြင်း


မီးလောင်ဖု၊အရည်ဖုတွေပေါ်ကို ရေခဲထုပ်ထားတဲ့ ပိတ်စအုပ်ပေးရင် အရေပြားကိုေ နာက်ထပ်ထိခိုက်မှုမဖြစ်အောင် ကူညီပေးပါတယ်။ ရာင်ရမ်းမှုကိုလည်းလျာ့ကျစေပါတယ်။

ကြွက်သားနာကျင်မှုလျော့ပါးစေခြင်း


ကြွက်သားရောင်ရမ်းမှုနဲနာကျင်မှုသက်သာစေဖို  ရေခဲတုံးကပ် ပေးနိုင်ပါတယ်။

ပန်ကာနှင့်အိပ်စက်ခြင်း






အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလို ဖြစ်သည်။ သို့ သော် ဘေးထွက်ဆိုးကျိုးများက လူ တစ်ယောက်၏ကျန်းမာရေးကို ထိ ခိုက်စေသည်။ အိပ်စက်သူ၏ အသက် အရွယ်ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်
စေသည်။ အချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်
များ လေးခြင်းစသည်ဖြင့် အမျိုးမျိုးကွဲပြား တတ်သည်။ ထို့အပြင်-

(၁)အသံ


ပန်ကာမှ ထွက်သောအ သံကြောင့် အိပ်ချိန်တွင် နှောင်ယှက် မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအသေးများက နှောင့်ယှက် မှုနည်းသော်လည်း၊ မျက်နှာကျက် ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက်ပို၍ ဖြစ်စေသည်။

(၂)ရုတ်တရက်ကလေးများသေဆုံးမှုများ


ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ် ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ ကို ဖြစ်စေသည်ဟု သိရသည်။ အခန်းတွင်း လေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအား တားဆီး
သလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်း စနစ်ကို ထိခိုက်စေသည်ဟု သိရသည်။

(၃)ခြောက်သွေ့သောလေ


ပန်ကာမှ လေကို ခြောက် သွေ့စေသဖြင့် အိပ်စက်သူများသည် ယင်းလေကြောင့် ပါးစပ်မှ လြွေပန်ကို ခြောက်သွေ့စေပြီး ရေဆာစေသဖြင့် အပြည့်အဝ အိပ်စက်နိုင်ခြင်း မရှိချေ။

(၄)ဦးခေါင်းခွံအတွင်းရှိ လေ လမ်း ကြောင်း


နေ့အချိန် ပန်ကာတွင် ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ် ၍ ပန်ကာကို ဖွင့်လိုက်သောအခါ ဖုန်ကပ်နေသောပန်ကာမှ လေများ ကို အိပ်စက်သူ၏ ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့်ဆက်သွယ်ထား သောဦးခေါင်းအတွင်း လေလမ်း ကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေး သင့်သည်။

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စု လေးမျိုး




၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နို အက်စစ်တွေက ဆံပင် သန်စွမ်း စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများ ရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝ ဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်း စေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်း ကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်

အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ် ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန် တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီး တွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။

၎။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်း အိတ်လေးတွေ ကနေ အဆီတွေကို ထုတ်လုပ် ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေတဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင် ပေးပါတယ်။